ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ရတနာဥသျှောင် ဘုန်းကြီးကျောင်းဘေးတွင် ဒလန်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ဒေါ်ချိုချိုမာ ယနေ့ ဇန်နဝါရီလ(၆)ရက်၊ မနက်(၇)နာရီခွဲဝန်းကျင်က သေနတ်ဖြင့် (၆)ချက် ပစ်သတ်ခံရကြောင်း သိရသည်။
ပစ်သတ်ခံရပြီးနောက် ရတနာဥသျှောင် ဘုန်ကြီးကျောင်းဘေးကို အကြမ်းဖက်စစ်ကောင်စီတပ်သား(၄၀)ဝန်းကျင် ရောက်လာကာ စစ်ဆေးကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကိုတော့ မည်သည့်အဖွဲက လုပ်ဆောင်ကြောင်း မသိရသေးပေ။
ယမန်နေ့ ဇန်နဝါရီလ(၅)ရက်နေ့ ညပိုင်းကလည်း ဒေါပုံမြို့မစခန်းကို ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး စစ်ကောင်စီတပ်ဖွဲဝင် (၁)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၃၁)ရက်ကလည်း ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကွမ်းယာဝယ်နေချိန် သေနတ်ဖြင့် (၄)ချက်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။