သထုံမြို့နယ်ရှိ မိုင်းခွဲခံရသည့် ကရင်လေးဆိပ်တံတားကို မြေဖို့လိုက်သဖြင့် ပြန်လည်သွားလာနိုင်ပြီ

သထုံမြို့နယ်ရှိ မိုင်းခွဲခံရသည့် ကရင်လေးဆိပ်တံတားကို မြေဖို့လိုက်သဖြင့် ပြန်လည်သွားလာနိုင်ပြီ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်လမ်း ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး‌နောက် ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နေ့လယ်ပိုင်းတွင် ကားများပြန်လည်သွားလာနိုင်နေပြီဟု သိရသည်။

အဆိုပါတံတားသည် ယမန်နေ့ ည(၁၀)နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ပျက်စီးသွားသည့် တံတားနေရာအား မြေဖို့လိုက်သဖြင့် သွားလာနိုင်နေခြင်းဖြစ်သည်ဟု သိရသည်။

"မြေဖို့ချလိုက်တော့ ယာယီသွားလာနိုင်တာပေါ့။ လမ်းတခြမ်းကိုပဲ မြေဖို့ထားတော့ ကားတွေက တစ်စီးချင်းပဲ သွားလို့ရနေတယ်။ အဆင်း၊ အတက် စောင့်ရတာပေါ့။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မိုင်းပေါက်ကွဲခြင်းကြောင့် ကားများ ယနေ့နံနက်ပိုင်းတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကားကြီး၊ ကားငယ်များ တစ်စီးချင်း ဖြတ်သန်းနိုင်နေပြီဟု သိရသည်။

#TachileikNewsAgency

Photo: CJ