ဗိုလ်နဂါး၏ BNRA တပ် အပတ်စဉ် ၂ သင်တန်းဆင်း

ဗိုလ်နဂါး၏ BNRA တပ် အပတ်စဉ် ၂ သင်တန်းဆင်း

ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို ပြုလုပ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှုန်းရေး၊ အထူးလက်ဖြောင့်၊ စစ်ဆင်ရေးတွင် အဓိကကျသော စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးခဲ့ပြီး ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။



 

အခမ်းအနားတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်နဂါး၊ BNRA အတွင်းရေးမှူးနှင့် စစ်ဆင်ရေးတာဝန်ခံတို့မှသင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး ရဲဘော်များအား လက်နက်တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA