ချင်းပြည်နယ် ရေဇွာမြို့ကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိ စစ်သုံ့ပန်းများအား ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ (၂၅)ရက်နေ့တွင် စတင်ခဲ့ပြီး နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ZZLMSညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUPIတို့မှ ပါဝင်ပူးပေါင်း တိုက်ခိုက်လာခဲ့ကာ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၃၀)ဝန်းကျင်နှင့် မိသားစုဝင်များကို ဖမ်းဆီးရမိပြီး မြို့ကိုလည်း အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo : Chinland Defense Force-Zotung Cdf-Zotung