မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT)ထံမှ သိရသည်။
စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ရာ မန်ကျည်းပင်အောက်တွင် ကင်းယူနေသော စစ်ကောင်စီတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
တိုက်ခိုက်မှုကို Myingyan Black Tiger(MBT)နှင့်အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency