ပုလဲမြို့နယ်တွင် အာဏာသိမ်းတပ်အင်အား (၈၀)ဝန်းကျင်ကို ပြောက်ကျားတိုက်ခိုက်မှုအတွင်း လက်နက်အင်အားမမျှ၍ လူငယ် (၄)ဦးကျဆုံး

ကျဆုံးခဲ့ရသည့် လူငယ် (၄)ဦး
ကျဆုံးခဲ့ရသည့် လူငယ် (၄)ဦး
ပုလဲမြို့နယ်တွင် အာဏာသိမ်းတပ်အင်အား (၈၀)ဝန်းကျင်ကို ပြောက်ကျားတိုက်ခိုက်မှုအတွင်း လက်နက်အင်အားမမျှ၍ လူငယ် (၄)ဦးကျဆုံး
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တောင်ယမားဆည်အနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်အင်အား (၈၀)ခန့်ကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ လက်နက်အင်အားမမျှသဖြင့် လူငယ် (၄) ဦး ကျဆုံးသွားရကြောင်း သိရသည်။

(၄၅)မိနစ်ဝန်းကျင်အကြာ တိုက်ခိုက်မှုအတွင်း လက်နက်အင်အားမမျှ၍ အသက် (၁၅) နှစ်အရွယ် လူငယ် (၁)ဦး၊ အသက် (၁၈)နှစ်အရွယ် လူငယ် (၂)ဦးနှင့် အသက် (၁၉)နှစ်အရွယ် လူငယ် (၁)ဦးတို့ကျဆုံးခဲ့ရကာ ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်းစစ်တပ်သည် ကံပေါက်ရွာမှ ထွက်လာပြီး တနယ်ကျေးရွာမှတဆင့် ကျောက်ကုန်းကျေးရွာဘက်သို့ ချီတက်နေစဉ် ပြောက်ကြားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။