ပျဉ်းမနားတွင် တံတားတစ်စီး ငလျင်ကြောင့် ပုံစံ ပြောင်းသွား

ပျဉ်းမနားတွင် တံတားတစ်စီး ငလျင်ကြောင့် ပုံစံ ပြောင်းသွား

 နေပြည်တော် ပျဉ်းမနားရှိ တံတားငယ်တစ်စီး ငလျင်ဒဏ်ကြောင့် တံတားပုံစံမှ မူလအဖြောင့်မှ ကွေ့ကောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတံတားမှာ ဘောဂဝတီရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်းနှင့် ရာဇဌာနီကြား ဖြတ်လမ်းအဖြစ် အသုံးပြုကြသည့် ရပ်ကွက်တံတားတစ်စီးဖြစ်ကြောင်း သိရသည်။

တံတား၏ အခြေအနေမှာ ပြီးခဲ့သည့် ရေကြီးရေလျှံကာလတုန်းကလည်း ထိခိုက်မှုရှိခဲ့သလို ယခုအခါမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့်အတွက် ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြေလွှာအက်ကွဲကြောင်းများမှ ရေများထွက်ထလာခြင်း၊ မြေလွှာတွန့်ခေါက်သွားခြင်း၊ မြေလွှာအက်ကြောင်းကြီးများ ဖြစ်သွားခြင်း၊ မြေလွှာကျွံကျကာ ကျင်းကြီးများ ဖြစ်ပေါ်လာခြင်း၊ မြစ်ချောင်းကန်ရေများ အချို့နေရာတွင် ရေကျသွားခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။