မြိုင်နှင့် ပေါက်မြို့နယ်စပ် ရေနံမြေကို စစ်ကောင်စီတပ်ဗုံးကြဲ

မြိုင်နှင့် ပေါက်မြို့နယ်စပ် ရေနံမြေကို စစ်ကောင်စီတပ်ဗုံးကြဲ

မကွေးတိုင်း မြိုင်နယ်နှင့် ပေါက်မြို့နယ်အစပ် ရေနံမြေတစ်နေရာသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားသော်လည်း အရပ်သားထိခိုက်မှုမရှိခဲ့ဟု မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် မြိုင်မြို့နယ်ရှိ အမှတ်(၃) စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေချိန်တွင် စစ်ကောင်စီတပ်စွဲထားသော အမှတ်(၃) စာသင်ကျောင်းနှင့် ဘူတာရုံမှ စစ်ကောင်စီတပ်သားများသည် ကိုးဆောင်ကျောင်းဂိတ်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး မဟာမိတ်အဖွဲ့များမှ စစ်ကောင်စီတပ်စွဲထားသော ကိုးဆောင်ကျောင်းဂိတ်အား အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲမှာ မိနစ်(၃၀)ဝန်းကျင်ကြာမြင့်ခဲ့ပြီးနောက် မဟာမိတ်အဖွဲ့များမှ ရဲဘော်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ရာ (၁)နာရီအကြာတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက မြို့နယ် NLDပါတီရုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံ