ဟဲန်ဇင် စစ်မြေပြင်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် နှင့် CNF၊ PDF Zoland တို့ တိုက်ပွဲဖြစ်ပွားရာ စကစ တပ်ဘက်က သေဆုံးထိခိုက် များပြား

Photo:  PDF Zoland
Photo: PDF Zoland
ဟဲန်ဇင် စစ်မြေပြင်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် နှင့် CNF၊ PDF Zoland တို့ တိုက်ပွဲဖြစ်ပွားရာ စကစ တပ်ဘက်က သေဆုံးထိခိုက် များပြား
ဇန်နဝါရီ 22, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်အကြားရှိ ဟဲန်ဇင်ရွာအနီးတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးသလို  ဒဏ်ရာရရှိသွားသူလည်း များပြားကြောင်း   PDF Zoland က တိုက်ပွဲသတင်းထုတ်ပြန်လာသည်။ 

ဟဲန်ဇင် စစ်မြေပြင်အတွင်း မိုင်းပေါက်ကွဲသည့်အတွက် ပြည်သူ့တပ်သားတချို့ ဒဏ်ရာရရှိခဲ့ပြီး PDF Zoland မှ ရဲဘော်(၁)ဦး နှင့် CNF မှ ရဲဘော် (၁)ဦးတို့ တိုင်းပြည်အတွက်ကာကွယ်ရေးရင်း ကျဆုံးသွား သတင်းထုတ်ပြန်ထားသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်များသည် နံနက်(၈)နာရီမှစ၍ ကလေးတက္ကသိုလ်ဖက်မှ သိုင်းငင်းနှင့် ဟဲန်ဇိန်ကြား ဒေသများကို  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး (၈)နာရီခွဲတွင် ရဟတ်ယာဉ်(၂ )စီးဖြင့် ဟဲန်ဇိန်ဝန်းကျင်ကို  (၂) ကြိမ်ပတ်၍ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ဗုံးကြဲခဲ့ကြောင်းလည်း သိရသည်။

စစ်ရဟတ်ယာဉ် ပေါ်က ပစ်ခတ်မှု အပါအဝင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာပြီးနောက် ဟဲန်ဇိန်ဘက်မှ စစ်ကောင်စီတပ်များ ရှေ့တိုးလာသဖြင့် ပြည်သူ့တပ်များနှင့် ထိတွေ့ ပစ်ခတ်မှုရှိခဲ့‌ကြောင်း သိရသည်။