အမရပူရမြို့နယ်ရှိ Denko ဆီဆိုင် ဓားပြတိုက်ခံရကာ ကျပ် ၁၂ သိန်းကျော်ပါသွား

အမရပူရမြို့နယ်ရှိ Denko ဆီဆိုင် ဓားပြတိုက်ခံရကာ ကျပ် ၁၂ သိန်းကျော်ပါသွား
နိုဝင်ဘာ 18, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း အမရပူရမြို့နယ် မုတ်ပုလဲကျေးရွာတွင် ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီဆိုင်ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဓားပြတိုက်ခံရကာ ငွေကျပ်(၁၂)သိန်းကျော်ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နေ့လယ် (၂)နာရီခွဲခန့်က အသက်(၂၅)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများကိုင်ဆောင်သော အူစီအမျိုးအစားကဲ့သို့ သေနတ်တစ်လက်ဖြင့် ဓားပြဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် အင်္ကျီနက်ပြာရောင် ဂျာကင်အတွင်းဝှက်ယူလာသည့် သေနတ်အရှည်အား ဇစ်ဆွဲထုတ်ပြီး သေနတ်(၅)ချက်ပစ်ဖောက်ကာ စက်သုံးဆီရောင်းချရရှိထားသည့် ငွေကျပ် (၁,၂၁၆,၂၀၀)အား ယူဆောင်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းနှင်သွားသည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပါတ်သက်ပြီး စစ်ကောင်စီတပ်က ဓားပြတိုက်သူကို ဖမ်းဆီးရမ်မိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဟု စစ်ကောင်စီလော်ဘီများက ဖော်ပြသည်။

#TachileikNewsAgency

Photo:CJ