UWSA ဒုဥက္ကဋ္ဌ ရှောင်မင်းလျှံ ကွယ်လွန်

UWSA ဒုဥက္ကဋ္ဌ ရှောင်မင်းလျှံ ကွယ်လွန်
အောက်တိုဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

"၀"ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ "၀"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ "၀"ပြည်နယ်ပြည်သူ့အစိုးရ ဒုဥက္ကဋ္ဌ ရှောင်မင်းလျှံသည် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းသည် ပန်ခမ်း(ပန်ဆန်း)မြို့ရှိ ၎င်း၏နေအိမ်၌ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၀)ကျော်ရှိပြီဖြစ်ကာ ဒုဥက္ကဋ္ဌ ရှောင်မင်းလျှံသည် UWSP/UWSA တည်ထောင်စဉ်ကတည်းက  "၀"ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

#TachileikNewsAgency