သာစည်မြို့မှ CDM မီးရထားဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်သွား

သာစည်မြို့မှ CDM မီးရထားဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်က အင်အားသုံးပြီး ဖမ်းဆီးခေါ်ဆောင်သွား
အောက်တိုဘာ 22, 2021 | အခြားဒေသများ

သာစည်မြို့တွင်  CDM မီးရထား ဝန်ထမ်းများကို အာဏာသိမ်းစစ်တပ်နှင့်ရဲများက ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့ ည(၁၀)နာရီမထိုးမီအချိန်က အင်အားသုံးကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သာစည်မြို့ရှိ နဘဲရွှေထီး ဘုန်းကြီးကျောင်းတွင် နေထိုင်သည့် CDM မီးရထား ဝန်ထမ်းများ အားလုံးကို အာဏာသိမ်းစစ်တပ်မှ အင်အား (၅၀)ကျော်ဖြင့် ယနေ့ ည(၉)နာရီ (၅၅)မိနစ်အချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက Tachileik News Agency သို့ ပြောကြားလာသည်။

အာဏာသိမ်းစစ်တပ်က ကလေးနှင့်အမျိုးသမီးများကို ချန်ထားပြီး  CDM မီးရထား ဝန်ထမ်း အမျိုးသားအားလုံးကို ဖမ်းဆီးသွားသည်ဟု ကနဦး သိရသည်။