တောင်ကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ရာ ကလေးများအပါအဝင် ၄ ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

တောင်ကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ရာ ကလေးများအပါအဝင် ၄ ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ရွာကို ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် အရပ်သား (၄)ဦး သေဆုံးပြီး (၁၃)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ ကင်းတောင်ရွာက မောင်ဇင်ဟိန်းကို (၉)နှစ်၊ ဦးမောင်လှတင် (၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်နှင့် ဒေါ်မြကြည်(၇၄)နှစ်တို့ သေဆုံးသွား သည်ဟု သိရသည်။ 

ထို့အပြင် မောင်ဇင်လင်းထက်(၁၁)နှစ်၊ ကိုပြည်သိမ်းစံ(၂၃)နှစ်၊ ကျောင်းဆရာ ဦးစိုးထိုက်(၄၈)နှစ်၊ ဦးထွေးကြည်(၇၂)နှစ်၊ မောင်ဝေလွှင်ထက်ထက်အောင် (၁၆)နှစ်၊ ဦးနေထက်လင်း (၃၁)နှစ်၊ ဦးတင်ထွန်း (၇၇)နှစ်၊ ဒေါ်မြင့်စိန် (၈၀)နှစ်၊ ဒေါ်မတင်ရွှီ (၈၉ )နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂)နှစ်၊ ဒေါ်မြနွယ် (၇၆)နှစ်၊ ဦးစံရွှေ (၇၄)နှစ်နှင့် ဒေါ်မတင်ညွန့် (၇၈)နှစ်တို့ ဒဏ်ရာရသွားကြောင်း သိရသည်။ 

ဒဏ်ရာရသူများကို အရေးပေါ် ဆေးကုသပေးနေရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: Arakan Princess Media