မလှိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို ဒရုန်းဗုံးသီးချရာ ၁၃ ဦးသေ ၄ ဦးကို အရှင်ဖမ်းမိ

မလှိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို ဒရုန်းဗုံးသီးချရာ ၁၃ ဦးသေ ၄ ဦးကို အရှင်ဖမ်းမိ

မ‌န္တလေးတိုင်း မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၃)ဦး သေဆုံးပြီး (၄)ဦးကို အရှင်းဖမ်းဆီးရမိသည်ဟု မလှိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

မလှိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ၂၀၂၄ ခုနှစ် ဇွန်လ(၄)ရက်နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မလှိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် လမ်းပေါ်၌ သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို ကားပေါ်တင်ထားသည်ကို တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အသေးစိတ်သိနိုင်ရန် သက်ဆိုင်ရာတပ်ဖွဲ့ထံ Tachileik News Agency အနေဖြင့် ဆက်သွယ်နေဆဲဖြစ်ပါသည်။

#TachileikNewsAgency