တောင်သာမြို့ ထွေအုပ်ရုံးကို PDF တပ်များ ဒရုန်းဖြင့် တိုက်ခိုက်

တောင်သာမြို့ ထွေအုပ်ရုံးကို PDF တပ်များ ဒရုန်းဖြင့် တိုက်ခိုက်
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံခရိုင်၊ တောင်သာမြို့ ထွေအုပ်ရုံးကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီး(၄)လုံးချ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDFက ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့ မနက်တွင် သတင်းထုတ်ပြန်သည်။

ထွေအုပ်ရုံးကို Sharr Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wing Droneများဖြင့် အီနာဂါ ဗုံးသီး(၄)လုံးချ တိုက်ခိုက်ခဲ့ရာ ထွေအုပ်ဦးစီးမှူး၊ မြို့နယ်ရဲမှူးနှင့် ထွေအုပ်ဝန်ထမ်း (၃)ဦး ထိမှန်သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။ 

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း MSDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်းနှင့် တောင်သာမြိုနယ် ပ.က.ဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency