လောင်းရှည် PDF က ဆောသို့သွားမည့် အာဏာသိမ်းတပ်ကို လမ်းမှကြားဖြတ်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ သေဆုံးမှုများရှိနေ
မကွေးတိုင်း၊ လောင်းရှည်မှ သင်းကွဲတောင်၊ လပို့တောင်တန်းနှင့် သံပုရာတောင်ကြောကိုဖြတ်၍ ဆောသို့သွားမည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို လောင်းရှည် PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေကြောင်း သိရသည်။
အင်အား(၅၀)ကျော်ပါသည့် စစ်ကောင်စီတပ်ကို လောင်းရှည် PDF က လမ်းတွင် နေရာယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တိုက်ပွဲမှာ တစ်နာရီကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ(၁၅)ရက်နေ့ကလည်း စေတုတ္တရာမြို့နယ်နှင့် ဆောမြို့နယ် နယ်ခြားဒေသ ကြံစိမ့်ကျေးရွာမှ ညောင်ပင်ကျင်းကျေးရွာကြား လမ်းပိုင်းတနေရာတွင် အာဏာသိမ်းကောင်စီတပ်အရာရှိများ အသုံးပြုသည့် 4 WD ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီတပ်မှ သေဆုံးမှုများရှိသည်ဟု သိရသည်။