ဘားအံမြို့နယ်အတွင်း အာဏာသိမ်းတပ်နှင့် လက်အောက်ခံ BGF တို့က ဒေသခံများကို ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်နေ

Photo: KNU-Doo Tha Htu District
Photo: KNU-Doo Tha Htu District
ဘားအံမြို့နယ်အတွင်း အာဏာသိမ်းတပ်နှင့် လက်အောက်ခံ BGF တို့က ဒေသခံများကို ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်နေ
နိုဝင်ဘာ 16, 2021 | အခြားဒေသများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံ BGF တို့က ဒေသခံများကို  ပေါ်တာဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများပြုလုပ်နေ၍ အချို့ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း  ကေအဲန်ယူ-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းအဖွဲ့နှင့် လက်အောက်ခံ BGF တို့က အဓမ္မခေါ်ဆောင်ခြင်းခံရသော ဘားအံမြို့နယ် ဟတ္တလိုက်ကျေးနယ်အုပ်စု ရေအေးကျေးရွာမှ အမျိုးသား(၅)ဦး၊ ဖလံတောင်ကျေးရွာမှ(၈)ဦးနှင့် နို့အောလာကျေးရွာမှ (၁၀)ဦးရှိသည့်အပြင်  BGF တပ်ဖွဲ့များသည် အောက်တိုဘာလ (၁၅) ရက်နေ့ကလည်း နို့အောလာကျေးရွာမှ ရေအေးကျေးရွာသို့သွားရန် ဒေသခံတစ်ဦးပိုင်သော ကား(၁) စီးကို အဓမ္မယူဆောင်ကာ ယနေ့အထိ ပိုင်ရှင်ထံ ပြန်ပို့ပေးခြင်းမရှိသေးကြောင်းလည်း သိရသည်။

ဘားအံမြို့နယ်အတွင်း အာဏာသိမ်းတပ်နှင့် လက်အောက်ခံ BGF တပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် (၉)နာရီက ဘားအဟတ္တလိုက် ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာနှင့် နို့အောလာကျေးရွာအကြားရှိ မဲသနချောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ BGF (၂) ဦးသေသွားခဲ့သည်ဟု သိရသည်။