ချောင်းဦးမြို့နယ်ရှိ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းမှ တိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ်ရှိ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းမှ တိုက်ခိုက်ခံရ
နိုဝင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ လျှပ်စီးတပ်ခွဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညနေပိုင်းက တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံမှ သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ ကျွန်တော်တို့ လျှပ်စီးတပ်ခွဲရဲ့ စခန်းတည်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီး နဲ့ Rocket အလုံး(၂၀)နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ထိခိုက်တာကတော့ စခန်းအနီးမှာရှိတဲ့ ဘုရားအုတ်တံတိုင်းတစ်နေရာ ပေါက်သွားတယ် ။ ကျွန်တော်တို့ ကားတစ်စီး ပျက်စီးသွားတယ် ဒါလောက်ပါပဲ။ ကျန်တဲ့ ၁၈ လုံးက စခန်းအနီး ဝန်းကျင်ပဲ ကျတာဗျ”ဟု လျှပ်စီးတပ်ခွဲ(၃) တာဝန်ခံ မိုးကြိုးကTachielik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် Rocket အလုံး (၂၀)ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း (၂)လုံး ကျရောက်ပေါက်ကွဲပြီး ရဲဘော်တစ်ဦး ခြေထောက်ဒဏ်ရာရကာ ကားတစ်စီး ပျက်စီးသည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စခန်းအဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ် ပြောင်းရွှေ့ရေးနှင့် အဆောက်ဦးများ ပြန်လည်ရွှေ့ပြောင်း တည်ဆောက်ရေးတို့အတွက် အရေးပေါ်ရန်ပုံငွေ လိုအပ်နေသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃