KNU တပ်မဟာ (၅) နယ်မြေတွင် ဇွန်လအတွင်း တိုက်ပွဲ ( ၂၂၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ နယ်ခြားစောင့်တပ်မှ (၉၀)ကျော် သေဆုံး

Photo-Thoo Lai News
Photo-Thoo Lai News
KNU တပ်မဟာ (၅) နယ်မြေတွင် ဇွန်လအတွင်း တိုက်ပွဲ ( ၂၂၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ နယ်ခြားစောင့်တပ်မှ (၉၀)ကျော် သေဆုံး
ဇူလိုင် 3, 2022 | အခြားဒေသများ

 ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၅) နယ်မြေ၌ ဇွန်လအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၂၂၃)ကြိမ်ဖြစ်ကာ နယ်ခြားစောင့်တပ်( BGF)မှ (၉၄)ဦး နှင့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး အပါအဝင် တပ်ကြပ်သေဆုံးကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ပွဲများအတွင်း BGF (၉၄)ဦး သေကာ (၅၅)ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်၏ သေဆုံးမှုစာရင်းအတည်ပြုချက်တွင် ဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုစာရင်းတွင်မူ ဗိုလ်ကြီး(ဒု-ခွဲမှူး) (၂)ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် အသုံးပြုနေသည့် မော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

တစ်လတာအတွင်း နှစ်ဖက်ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာတွင် KNLA တပ်မဟာ(၅)မှ ရဲဘော် တစ်ဦးကျဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ပြည်သူများ၏ ဥယာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီးကျည်(၂၅)လုံးပစ်ချခဲ့သဖြင့် ပြည်သူ(၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။