အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် သမိုင်းဝင်မြောက်ဦးဒေသတွင် AA က မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မြောက်ဦးဒေသ စစ်ပွဲကာလအတွင်း စစ်ကောင်စီတပ်များ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများကို သမိုင်းဝင် သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးတွင် AA က ရှင်းလင်းဖယ်ရှားနေခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA)သည် မြို့များသိမ်းပြီးချိန်ကစတင်၍ စစ်လက်ကျန်မြေမြှုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းပေးနေခြင်းဖြစ်သည်။
ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်းမြို့နယ်တို့တွင်လည်း မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကင်းစင်ရေးအတွက် အသိပညာပေး ဟောပြောပွဲများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
#TachileikNewsAgency
#TNA_MAT
Photo:Golden Era Media