မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း မာန်လည်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထန်းတသမားမိသားစု သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လယ်(၁)နာရီခွဲဝန်းကျင်အချိန်က မာန်လည်ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ရာ ထန်းသမား မိသားစု၏ တဲအိမ်ပေါ်သို့ ဗုံးသီးကျရောက်ပြီးနောက် တဲအိမ်ပါ မီးလောင်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် မိသားစု(၄)ဦးအနက် လင်မယား(၂)ဦး နှင့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးတို့သည် ဗုံးထိမှန်သည့် ဒဏ်ရာအပြင် မီးလောင်၍ပါ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
" မိသားစုက (၄)ယောက်ရှိတာ လင်မယားနှစ်ဦးနှင့် သမီးငယ် အသက်က(၁၃)နှစ်ခန့်ပေါ့ ကလေးမလေးကငယ်သေးတယ် ဗုံးသီးမှန်တော့ မပြေးနိုင်ကြဘူးထင်တယ်။ မီးလဲလောင်သွားတာဆိုတော့ အတော်လေးကို သနားဖို့ကောင်းပါတယ်။ စစ်တပ်ကတော့ လေကြောင်းကနေ နေ့တိုင်ဆိုသလို ပစ်ခတ်နေတာပဲ ပြည်သူကို ဒီလောက်ယုတ်မာနေတာတောင် မသေနိုင်ကြ။ အမြန်ဆုံး စစ်ခွေးနိဂုံးကျဆုံးပါစေလို့ ဆုတောင်းပါတယ်။ ဒီလောက်ယုတ်မာတဲ့သူတွေကို ထောက်ခံအားပေးတဲ့ သူတွေကိုလည်း PDF တွေ ဆက်လက်ပြီး အရေးယူပေးဖို့ ပြောချင်ပါတယ်ဗျ" လို့ဒေသခံတစ်ဦး၏ ပြောကြားချက်ကို နွားထိုးကြီးဂျာနယ်က ဖော်ပြထားသည်။
ယင်းဖြစ်စဉ် မတိုင်မီ မတ်လ(၂၄)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်ကလည်း နွားထိုးကြီးမြို့နယ်အတွင်း ရွှေမုဌောကျေးရွာလေးမျက်နှာဘုန်းကြီးကျောင်းကို
Jet Fighter ဖြင့် လာရောက် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။