ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ ပြည်သူများအား ဆက်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်စခန်း ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခံရ

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ ပြည်သူများအား ဆက်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်စခန်း ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခံရ
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ ပြည်သူများအား ဆက်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Shwe Nyar Myae PDF က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား စက်တင်ဘာလ (၂) ရက်နေ့ နေ့လယ်ခင်းတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ RC Plane များဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း Shwe Nyar Myae PDF အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ဒေါင်းအလံလွှင့်မည့် စေတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Shwe Nyar Myae PDF အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency