စစ်ကောင်စီဝန်ထမ်းများ ထွက်သွားရန် KNU တပ်မဟာ ၆ သတိပေး

စစ်ကောင်စီဝန်ထမ်းများ ထွက်သွားရန် KNU တပ်မဟာ ၆ သတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ထွက်သွားကြရန် KNU က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

တပ်မဟာ(၆)နယ်မြေအတွင်း စစ်ရေးအရ နေ့စဥ်နှင့်အမျှ နေရာအနှံ့ ဖော်ဆောင်နေပြီး ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးယန္တရားများလည်း လုပ်ကိုင်နေကာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

ထို့ကြောင့် ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများမရှိစေရန် စစ်ကောင်စီ လက်အောက်ခံ ဌာနအသီးသီးတွင် အမှုထမ်းနေသော ဝန်ထမ်းများအားလုံး သက်ဆိုင်ရာဌာနမှ နှုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန် (သို့မဟုတ်) ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတူပူးပေါင်း ပါဝင်ကူညီပေးရန်နှင့် စစ်ကောင်စီကို အားပေး၊ ထောက်ခံ၊ ကူညီသော မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်။ 

ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)မှ အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency