PDF ဂိတ်သို့ လမ်းမှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်နှင့် ဇနီးဖြစ်သူတို့အား KNU ထံ အပ်နှံ

PDF ဂိတ်သို့ လမ်းမှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်နှင့် ဇနီးဖြစ်သူတို့အား KNU ထံ အပ်နှံ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေအတွင်းသို့ လမ်းမှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်နှင့် ဇနီးဖြစ်သူတို့အား KNU/KNLA အဖွဲ့အစည်းထံသို့ အပ်နှံကြောင်း ကျိုက်ထိုမြို့နယ် ပကဖ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများ ဖမ်းဆီးရမိထားသည့် သိမ်ဇရပ်အခြေစိုက် အမတ (၃၁၀)မှ ဗိုလ်အဆင့်ရှိသူ ဟိန်းဇေယျာဦးနှင့် ဇနီးဖြစ်သူ သူနာပြုဆရာမ ထက်ထက်နိုင်တို့အား ကြားကာလ စစ်သုံ့ပန်း ဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ KNU/KNLA အဖွဲ့အစည်းထံသို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့ ညနေ (၅)နာရီခန့်တွင် သိမ်ဇရပ်မြို့နယ်၊ သုံးခွကျေးရွာရှိ တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးရေးဂိတ်သို့ စစ်ကောင်စီဗိုလ်နှင့် ဇနီးဖြစ်သူတို့ လမ်းမှားဝင်ရောက်လာခဲ့ပြီး ၎င်းတို့အား KNU ကျေးနယ်အဖွဲ့နှင့် ကျိုက်ထိုပကဖမှ လက်နက်ခဲယမ်းများ၊ ယူနီဖောင်းများ၊ သက်သေခံလက်မှတ်များနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: ကျိုက်ထိုမြို့နယ် ပကဖ