တိုက်ပွဲမရှိဘဲ လူထုထိတ်လန့်စေရန် ပစ်ခတ်ခြင်းများလုပ်နေသည့် အာဏာသိမ်းစစ်တပ်ကို CDF Zotung သတိပေး

တိုက်ပွဲမရှိဘဲ လူထုထိတ်လန့်စေရန် ပစ်ခတ်ခြင်းများလုပ်နေသည့် အာဏာသိမ်းစစ်တပ်ကို CDF Zotung သတိပေး
အောက်တိုဘာ 23, 2021 | အခြားဒေသများ

ချင်းပြည်နယ် ရေဇွာမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့ နံနက်အစောပိုင်းက တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က လူထုထိတ်လန့်စေရန် ရည်ရွယ်၍ လက်နက်ကြီးပစ်ခတ်နေခြင်းအား ဆက်လက်မလုပ်ရန် CDF Zotung က သတိပေးထားသည်။

ရေဇွာမြို့တွင် နံနက် (၅)နာရီ (၄၅)မိနစ်အချိန်က အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးများ ပစ်ခတ်နေခဲ့ခြင်းနှင့်ပတ်သက်၍ ကြေညာချက်ထုတ်၍ သတိပေးလာခြင်းဖြစ်သည်။

ပြည်သူများ ထိတ်လန့်စေရန် မြို့တွင်း အကြောင်းမဲ့ လက်နက်ဖေါက်ခြင်းဦ ဗုံးထောင်ခြင်းများ ဆက်လက်မလုပ်ရန်ဟု အဆိုပါကြေညာချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။