ရပ်စောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၈ ဦးကို အရှင်မိ

ရပ်စောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၈ ဦးကို အရှင်မိ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၈)ဦးကို အရှင်ဖမ်းမိကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် ကျောက်ဂူဒေသ၌ DPLF/DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) တပ်များရှိရာသို့ စစ်ကောင်စီမှ ထိုးစစ်ဆင်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ညနေ (၃)နာရီခွဲကျော်တွင် ‌စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျောက်ဂူတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၈)ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်မှ (၉)ဦး သေဆုံးကာ လက်နက်(၁၉)လက်ကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency