KNU နယ်မြေအတွင်း လေးကေ့ကော်တွင် အာဏာသိမ်းတပ်က အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ခိုက်နေ

KNU နယ်မြေအတွင်း လေးကေ့ကော်တွင် အာဏာသိမ်းတပ်က အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ခိုက်နေ
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့ ၆ ရပ်ကွက်ကုန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က မြို့တွင်းမှ ပြည်သူများကို အကာအကွယ်ယူ၍ တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေးကေ့ကော်ကို လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တော်တော်များများ ရှောင်ကုန်ပြီ။ ဒေသခံတွေတော့ ကျန်နေခဲ့တယ်။ (၆) ရပ်ကွက်ကုန်းပေါ်ကနေ ၆၀ မမ နဲ့ ဘေးကတောင်ကုန်းတွေကို ထုတာ။ အရပ်သားတွေကို အကာအကွယ်လုပ်ပြီး စစ်ပွဲကို ဖွင့်တာ။ သူတို့ စပစ်တာ။ ထမင်းစားနေရင်း ပြေးရတာ။ အခုတော့ မြေပြင်မှာ ဝပ်နေလျက်ပဲ

ဟု စစ်ဘေးရှောင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လေးကေ့ကော်သို့ နယ်မြေကျော်လာသည့် အာဏာသိမ်းစစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်အတူ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (NCU)၊ R -7 ၊ ကြယ်နီ LPDF  အပါအဝင် PDF များကလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

နေ့လယ် ၁၁ နာရီဝန်းကျင်ကတည်းက စတင်တိုက်ခိုက်နေသည့် တိုက်ပွဲသည် နေ့လယ် (၂) နာရီဝန်းကျင်တွင် သေနတ်သံ တစ်ချက်၊ နှစ်ချက်သာကြားပြီး တိုက်ပွဲငြိမ်သွားသည်ကို တွေ့ရသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က တပ်စွဲထားသည့် လေးကော်မြို့ ကေသဝါးဈေးအနောက်ဘက်ရှိ ဆည်အနီး ဗျူဟာကုန်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ်သတင်း