ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ မြဝတီကိုသွား

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ မြဝတီကိုသွား

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကရင်ပြည်နယ် မြဝတီမြို့သို့ သွားရာက်ကြောင်း NUG က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ဖော်ပြသည်။ 

စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင်နေသည့် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သော ကော်ဘရာတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားသည်ဟုလည်း ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောကလည်း ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြီး စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးသည်ဟုလည်း ဆိုသည်။ 

ထို့နောက် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅)ဝင်းအတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသသည်ဟု သိရသည်။ 

ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း အားပေးစကားများပြောကြားကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:National Unity Government of Myanmar