CNO/CNDF ထံ လက်နက်နှင့်အတူအလင်းဝင်လာသည့် ရဲတပ်သား (၂) ဦး အား ဆုကြေးငွေချီးမြှင့်

CNO/CNDF ထံ လက်နက်နှင့်အတူအလင်းဝင်လာသည့် ရဲတပ်သား (၂) ဦး အား ဆုကြေးငွေချီးမြှင့်

ချင်းအမျိုးသားအဖွဲ့ချုပ်ထံ အလင်းဝင်လာသည့် ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၃)ဦးအနက်မှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သား (၂)ဦးကို ဆုကြေးငွေချီးမြှင့်ကြောင်း CNO/CNDF က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ထံ မေလ (၃၁) ရက်နေ့က လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သား ဟိန်းထက်စံ ကို ဆုကြေးငွေ သိန်း (၆၀) နှင့် ရဲတပ်သား ဟွာခန့်စိန် ကို ဆုကြေးငွေ (၁၀)သိန်း ချီးမြှင့်ခဲ့ကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသူ ရဲတပ်သား ဟိန်းထက်စံသည် ၎င်းနှင့်အတူ G3 သေနတ်တစ်လက် ၊ H. Gernades လက်ပစ်ဗုံး (၄) လုံး ၊ 7.62 ကျည်ဆံ (၁၈၅) တောင့်၊ ကျည်ဘောက် (၃) ခု နှင့် ရဲတပ်သား ဟွာခန့်စိန်မှ လက်ပစ်ဗုံး (၂) လုံး နှင့် 7.62 ကျည်ဆံ (၁၀၅) တောင့်တို့ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလင်းဝင်ရောက်လာသူများကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီး ၎င်းတို့ သုံးဦးသည် ယခုနှစ်၂၀၂၄ ခုနှစ်အတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNO/CNDF ထံ ပထမဆုံးအလင်းဝင် ရောက်လာသူများဖြစ်သည်။

#TachileikNewsAgency

Photo: Chin National Organization