မန္တလေးတိုင်း မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီ၏ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ၂၀၂၄ခုနှစ် ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် TNLA နှင့် ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။
မိုးကုတ်မြိုနယ်ရှိ တပ်စခန်းများကို TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ (၂၅)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ပတ်အကြာ ဇူလိုင်လ (၂၄)ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ် နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ (၃၀)ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
မိုးကုတ်မြို့သည် စစ်ကောင်စီ၏ လပခ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ(၇၈)၊ (၈၈)နှင့် ခလရ(၁၄၈)တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့ဖြစ်သည်ဟု ဆိုသည်။
မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighterဖြင့် (၂၁)ကြိမ်၊ Y-12 လေယာဥ်ဖြင့် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈)ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃)လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး (၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။
ထို့အပြင် မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံ့ပန်း (၃၀)ကျော် ဖမ်းမိပြီး လက်နက်မျိုးစုံ (၂၀၀)ကျော် သိမ်းဆည်းရရှိသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီတပ်၏ အရပ်ဖက်သို့ ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၈)ဦး၊ ကလေး(၉)ဦး သေဆုံးခဲ့ပြီး၊ (၅၉)ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၂၉)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း TNLA သည် ဒုတိယမြောက် သိမ်းပိုက်နိုင်သည့်မြို့ဖြစ်ပြီး နောင်ချိုမြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:PSLF/TNLA News