မန္တလေးမြို့တွင် နေအိမ်တွင်း သတ်ခံရသည့် အမျိုးသမီး (၂)ဦး၏ အလောင်းကို သွေးသောက်အဖွဲ့လည်ဆွဲဖြင့် တွေ့ရ

မန္တလေးမြို့တွင် နေအိမ်တွင်း သတ်ခံရသည့် အမျိုးသမီး (၂)ဦး၏ အလောင်းကို သွေးသောက်အဖွဲ့လည်ဆွဲဖြင့် တွေ့ရ

မန္တလေးမြို့လယ်ရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မေလ (၂၀)ရက်က အမျိုးသမီးနှစ်ဦး အသတ်ခံရကာ ၎င်းတို့ကိုယ်ပေါ်တွင် သွေးသောက်အဖွဲ့လည်ဆွဲဖြင့် တွေ့ရကြောင်း သိရသည်။

မန္တလေးမြို ၈၆ လမ်း၊ (၃၃) လမ်းနဲ့ (၃၄) လမ်းကြားရှိ နေအိမ်တစ်ခုတွင် မေလ (၂၀)ရက် ညနေပိုင်းက အသတ်ခံရခြင်းဖြစ်ပြီး အသတ်ခံရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

အသတ်ခံရသူ နှစ်ဦးမှာ မြိုင် PDF အဖွဲ့မှ ရဲဘော်ရာဟု၏ မိခင်ဒေါ်မြမြ နှင့် အမဖြစ်ကြောင်း   စစ်အုပ်စုကို ထောက်ခံသူများက ပြောဆိုနေကြပြီး ဒေါ်မြမြသည် မြိုင် PDF တပ်ရင်း (၄)ကို ထောက်ပံ့နေကြောင်း စွပ်စွဲရေးသားထားသည်။

ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း မန္တလေးတိုင်း တံတားဦးမြို့တွင် ပြည်သူနှစ်ဦးကို အသတ်ခံခဲ့ရသည်။ 

ထိုသတ်ဖြတ်မှုမှာ စစ်အုပ်စုကသတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ကို ထောက်ပံ့နေသူများက စွပ်စွဲထားပြီး အလောင်းတွင် သွေးသောက်လည်ဆွဲ ချိတ်ဆွဲကာ အလောင်းကို လွှင့်ပစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

မန္တလေးတွင် စစ်ကောင်စီက နောက်ကွယ်က ကြိုးကိုင်နေသော အဖွဲ့ဟု စွပ်စွဲခံထားရသည့် သွေးသောက်အဖွဲ့ တံဆိပ် လည်ဆွဲဖြင့် သေဆုံးသူမှာ အမျိုးသမီးများ အပါအဝင် (၁၃)ဦး ရှိခဲ့ပြီဖြစ်သည်။