ငလျင်ဒဏ်သင့် ဒေသများကိုကူညီရန် မိုင်းလား(NDAA)က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် အလှူငွေကောက်ခံနေပြီဖြစ်သည်။
ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများအား လိုအပ်သည့် နေရာများကို အရောက်ပို့နိုင်ရန် လုပ်ဆောင်နေသည်ဟု NDAA က အသိပေးထုတ်ပြန်ထားသည်။
သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် တိုင်းရင်းသားပြည်သူများနှင့်ထပ်တူ ဝမ်းနည်းခံစားရသည်ဟုလည်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။
စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့် ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိသည်ဟု ဖော်ပြသည်။
#TachileikNewsAgency
Video:De No