ချင်းညီနောင်တပ်များသိမ်းပိုက်လိုက်ပြီဖြစ်သည့် မင်းတပ်မြို့ရှိ စစ်ကောင်စီ ခလရ(၂၇၄) ဗဟိုကင်းရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဓာတ်ပုံအားဖြုတ်ချလိုက်ကာ ခြေထောက်နှင့်တက်နင်းလိုက်သည့်ရုပ်သံကို ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)စစ်ဦးစီးချုပ်က မင်းတပ်မြို့ ခလရ (၂၇၄) ဗဟိုကင်းတွင် တပ်ထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဓာတ်ပုံအားဖြုတ်ချသည်ဟု ဖော်ပြထားသည်။
ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ဒုတိယစစ်ဦးစီးချုပ်မှ ခလရ(၂၇၄)တွင် ချင်းပြည်နယ်အလံကို လွှတ်တင်ခဲ့သည်။
ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)ကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့သည် စစ်ကောင်စီကင်းစင်ပြီဟု ကြေညာသည်။
ချင်းညီနောင်များ တိုက်ခိုက်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၇၀)ဝန်းကျင် လက်နက်ချအညံ့ခံသည်ဟု ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
#TachileikNewsAgency
Video: Chin Defence Force - Mindat