တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ချစ်ကြည်ရေးတံတား(၁) မထိခိုက်ရန် ညပိုင်းတွင် ယာဉ်ဖြင့် ရှင်းလင်း 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားမှာရှိတဲ့မယ်ဆိုင်ချောင်းမှာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းကစပြီး မိုးရွာသွန်းမှုနဲ့အတူ တောင်ကျရေကြောင့် ချောင်းရေသိသိသာသာြမှင့်တက်လာပြီးနောက်မှာ ညပိုင်းမှာတော့ ချစ်ကြည်ရေးအမှတ်(၁)တံတားနံ့ ချောင်းရေ ထိသွားတဲ့အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့လို ရေစီးသန်လာမှုနဲ့အတူ မျှောပါလာတဲ့ သစ်လုံး၊ သစ်ကိုင်းများဟာ တံတားမှာ ခံနေတဲ့အပြင် သစ်တုံးများက တံတားကို အရှိန်နဲ့ ဝင်ဝင်ဆောင့်တာကြောင့် သက်တမ်းရင့်နေတဲ့ တံတားကို ထိခိုက်မှု မဖြစ်ရန် သက်ဆိုင်ရာများကနေပြီး တံတားအလယ်ကနေ ဘက်ဟိုးနဲ့ ချောင်းအတွင်း ရှင်းလင်းမှုကို ဩဂုတ်လ(၁၂)ရက်နေ့ ညပိုင်းမှာ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့တုန်းကလည်း အခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ရေစီးနဲ့အတူ မျှောပါလာတဲ့ သစ်လုံးများရဲ့ အရှိန်နဲ့ဆောင့်မှုကြောင့် တံတားရဲ့  ထိုင်း မြန်မာ ဆက်ကြောင်းနေရာမှာ (၅)လက်မခန့် ရွေ့သွားခဲ့ပါတယ်။

မယ်ဆိုင်ချောင်းအတွင်း ရေကြီးရေလျှံမှု နဲ့အတူ မြို့တွင်း အဆက်မပြတ်မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ အပါအဝင် မိုင်းကိုးနဲ့ မိုင်းဖုန်းကျေးရွာအုပ်စုများအထိ ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ဒီတစ်ခေါက် ရေကြီးရေလျှံမှုက အရင်နှစ်တွေထက် ပိုမိုဆိုးရွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

#TachileikNewsAgency

Video: CJ, NP, สันติ เยาวะบุตร