တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင်(၃)မှာ ရွှေဝယ်ဟန်ဆောင်သူများက ရွှေ(၄)ဘတ်သား ယူဆောင်သွား

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်းဟိုတယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ နန်းရွှေကျင်း ရွှေဆိုင် အမှတ်(၃)မှာ ဒီနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီ (၁၉)မိနစ်ဝန်းကျင်အချိန်က ရွှေဝယ်သူအဖြစ် ဟန်ဆောင်လာကြတဲ့ အမျိုးသမီးကြီးတစ်စုက ရွှေ(၂)ဘတ်သားစီရှိတဲ့ ရွှေဆွဲကြိုး (၂)ကုံးကို ဆိုင်က တာဝန်ရှိသူတွေ မသိအောင် ယူဆောင်သွားမှု ဖြစ်ပွားခဲ့ပါတယ်။

ယူဆောင်သွားတဲ့ ရွှေစုစုပေါင်း (၄)ဘတ်သားဟာ မြန်မာအခေါ်အဝေါ်ဆိုရင် (၃)ကျပ်သားနဲ့ (၁၁)ပဲဝန်းကျင်ရှိတယ်လို့ သိရပါတယ်။