ဇွန် 10, 2021 | တာချီလိတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာရှိတဲ့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ညပိုင်းက လူတစ်စုက လာရောက်ပြီး ဗုံးခွဲပြီး သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့တဲ့အတွက် အဲ့ဒါခရိုင်ရဲရုံးရှေ့ ပြည်သူပိုင်လမ်းမကြီးကို ညကတည်းက ဒီနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေပိုင်းအထိ ပိတ်ထားတာကို မြင်တွေ့ရပါတယ်။
မနေ့ညက ဖြစ်ပွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။