တာချီလိတ်နှင့်နယ်စပ် လာအိုနိုင်ငံ ကာစီနိုသွားရာလမ်းတွင် ပစ်ခတ်ခံရသည့် မော်တော်ယာဉ်အနီး သန်းနှင့်ချီသော ယွမ်ငွေများနှင့် သေနတ်နှစ်လက် သိမ်းဆည်းရမိ

တာချီလိတ်နှင့်နယ်စပ် လာအိုနိုင်ငံ ကာစီနိုသွားရာလမ်းတွင် ပစ်ခတ်ခံရသည့် မော်တော်ယာဉ်အနီး သန်းနှင့်ချီသော ယွမ်ငွေများနှင့် သေနတ်နှစ်လက် သိမ်းဆည်းရမိ
ဇူလိုင် 9, 2020
By Tachileik News Agency

တာချီလိတ်နှင့်နယ်စပ် လာအိုနိုင်ငံ ကာစီနိုသွားရာလမ်းတွင် ပစ်ခတ်ခံရသည့် မော်တော်ယာဉ်အနီး သန်းနှင့်ချီသော ယွမ်ငွေများနှင့် သေနတ်နှစ်လက် သိမ်းဆည်းရမိ

လာအိုနိုင်ငံ၊ တုန်ဖိန်းမြို့နှင့် Kings Romans Casino သွားရာလမ်းတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့က မော်တော်ယာဉ်တစ်စီးကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံထားရပြီး လူ (၃)ဦးထက်မနည်း သေဆုံးကာ ကားပေါ်တွင် သန်းနှင့်ချီသော ယွမ်ငွေများကိုလည်း တွေ့ရကြောင်း သိရသည်။

အချက်ပေါင်းများစွာ ပစ်ခတ်ခံထားရသည့် Honda CRV မော်တော်ယာဉ်မှာ တရုတ်လိုင်စင်နံပါတ်ပြားတပ်ထားသဖြင့် Kings Romans Casino Group ၏ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှဖြစ်မည်ဟု ဒေသခံများက ယူဆထားကြသည်။

ပစ်ခတ်ခံထားရသည့် မော်တော်ယာဉ်အနီးတွင် ထိုင်းဘတ်ငွေ (၄) သန်းဝန်းကျင် တန်ဖိုးရှိ တရုတ်ယွမ်ငွေများနှင့် သေနတ်နှစ်လက်ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မြန်မာ၊ ထိုင်းတို့နှင့်နယ်စပ် လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ တုန်ဖိန်းခရိုင်အတွင်း မဲခေါင်မြစ်ကမ်းဘေးတစ်လျှောက်တွင် ဟောင်ကောင်အခြေစိုက် Kings Romans Group ကို လာအိုအစိုးရက စီးပွားရေးအထူးဇုန် ဖေါ်ဆောင်ခွင့်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား (၁၀,၀၀၀)ဝန်းကျင်လည်း အဆိုပါဒေသတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
Photo: Phenlao


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~