ထိုင်းနိုင်ငံအတွင်း COVID-19 ကြောင့် ပြန်လည်ထူထောင်ရေးကို ဦးစားပေးနိုင်ရန် စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းကို ထိုင်းစစ်တပ်က ဆိုင်းငံ့ထားမည်

ထိုင်းနိုင်ငံအတွင်း COVID-19 ကြောင့် ပြန်လည်ထူထောင်ရေးကို ဦးစားပေးနိုင်ရန် စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းကို ထိုင်းစစ်တပ်က ဆိုင်းငံ့ထားမည်
ဧပြီ 9, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း COVID-19 ကြောင့် ပြန်လည်ထူထောင်ရေးကို ဦးစားပေးနိုင်ရန်  စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းကို ထိုင်းစစ်တပ်က ဆိုင်းငံ့ထားမည်

ထိုင်းနိုင်ငံအတွင်း COVID 19 သက်ရောက်မှုမှ ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်၍ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရေးကို ဆိုင်းငံ့ထားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ကြေညာလိုက်သည်။

ထိုင်းနိုင်ငံအနေဖြင့် ကပ်ရောဂါဘေးမှ ပြန်လည်ထူထောင်ရေး ဦးစားပေးရမည့် အခြေအနေတွင် ၂၀၂၀ ခုနှစ်ဘတ်ဂျက်မှ စစ်လက်နက်ပစ္စည်းဝယ်ယူခြင်းနှင့် စစ်တပ်ပရောဂျက်များအတွက် ဘဏ္ဍာငွေရယူသုံးစွဲခြင်းကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ပြောကြားလာခြင်းဖြစ်သည်။

ပြည်သူများကို ကူညီရန်၊ ကာကွယ်ရန်နှင့် နိုင်ငံ့အရေးကို ဖြေရှင်းနေသည့် အစိုးရကို အထောက်အကူပြုရန်မှာ တပ်မတော်၏ ရည်မှန်းချက်ဖြစ်၍ တပ်မတော်အနေဖြင့် ဘတ်ဂျက်ရယူသုံးစွဲခြင်းကို ရွှေ့ဆိုင်းနိုင်သလောက် ရွှေ့ဆိုင်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်သွားသည်။

ယင်းသို့ ရွှေ့ဆိုင်းလိုက်သည့် အစီအစဉ်များတွင် ထိုင်းရေတပ်က ရေငုပ်သင်္ဘောဝယ်ယူမည့် အစီအစဉ်လည်း ပါဝင်မည် ဖြစ်ပြီး နိုင်ငံ့စီးပွားရေးအခြေအနေ ပြန်လည်ထူထောင်ရေးအတွက် ဘတ်ဂျက်ကို ဦးစားပေးသုံးစွဲနိုင်ရန် ထိုင်းရေတပ်အနေဖြင့် ဆိုင်းငံ့လိုက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
Source: Bangkok Post ,The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~