ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ခံရမှု ဆရာမ၊ ဆရာမများ ဆန္ဒပြ

Photo: ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
Photo: ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကနီမြို့နယ် ပညာရေးတာဝန်ခံနှင့် မိသားစု သတ်ခံရမှု ဆရာမ၊ ဆရာမများ ဆန္ဒပြ

ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့်မိသားစု လူမဆန်စွာ မတရားအသတ်ဖြတ်ခံရခြင်း (၃) လပြည့်တွင် ဆရာမ၊ ဆရာမများပေါင်း၍ ပန်းသပိတ်လှူပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ သပိတ်ကို  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင် မြေပြင်သင်ကြားရေးဆရာ၊ ဆရာမများပူးပေါင်းကာ ပြုလုပ်ခြင်းဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေး တောင်းဆိုကြသည်ဟု သိရသည်။ 

ကနီမြို့နယ်၏ NUG ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေး နှင့် ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ အပါအဝင် သုံးလအရွယ် သမီးငယ်တို့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၄) ရက်နေ့က ကနီမြို့နယ်၊ တပုန်းရွာရှိ နေအိမ်တွင် သတ်ခံလိုက်ရသည်။ 

အဆိုပါအမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းမည်ဟု အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက နိုဝင် ဘာလ(၆)ရက်နေ့တွင် ထုတ်ပြန်ချက်သာ ထုတ်ပြန်ပြီး နောက်ဆက်တွဲ စုံစမ်းဖော်ထုတ်မှု လုပ်ဆောင်ခြင်းမရှိဘဲ နှုတ်ဆိတ်နေလျှက်ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ တပုန်းရွာသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာလည်းဖြစ်သည်။