စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၅၀) အား PDF TRIဗျူဟာက  ရိက္ခာ ၊ အ၀တ်အထည်နှင့် ငွေကြေးများ ထောက်ပံ့ ကူညီ

စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၅၀) အား PDF TRIဗျူဟာက  ရိက္ခာ ၊ အ၀တ်အထည်နှင့် ငွေကြေးများ ထောက်ပံ့ ကူညီ

 မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျေးရွာအုပ်စုတစ်စုရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၅၀) အား ရိက္ခာ ၊ အ၀တ်အထည်နှင့် ငွေကြေးများ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ)၏ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

ကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု ( ၁၅၀ ) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ) မှ ဆန်၊ ဆီ၊ အဝတ်အထည်များနှင့် သက်ကြီးရွယ်အို အဖိုးအဖွားများအား ထောက်ပံ့ကူညီငွေများ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသောနေရာများရှိ အမျိူးသမီးငယ်များအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် အခြားအသုံးဆောင်ပစ္စည်းများကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRIဗျူဟာ) ၏ "ပြည်သူမှ ပြည်သူသို့" အစီအစဉ်အရ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ( ၁၄ ) ခုမှ အိမ်ထောင်စု ( ၆၅၂ ) စု ၊ လူဦးရေ ( ၂၁၉၈ ) ဦးအား ထောက်ပံကူညီပေးပြီးဖြစ်ကာ ၊ ကျေးရွာ ( ၇ ) ရွာရှိ စစ်ဘေးရှောင် အိမ်ထောင်စု ( ၁၃၇ )စု၊ လူဦးရေ ( ၆၆၃) ဦးစာ ထောက်ပံကူညီပေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများအား ဆက်သွယ်ထောက်ပံ့ ကူညီလိုပါက ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRIဗျူဟာ) ၏ Page Messenger https://www.facebook.com/share/15tmcAKY4B/ သို့ ဆက်သွယ်ပါဝင် ကူညီနိုင်ကြောင်း အသိပေးကြေညာထားရှိသည်။

 

#TachileikNewsAgency

Photo: အမှတ် -၁၂၂၂ တပ်ရင်း