အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်အနီးတွင် ကျားဖြူစစ်ကြောင်း Fixed Wing Drone တပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်

အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်အနီးတွင် ကျားဖြူစစ်ကြောင်း Fixed Wing Drone တပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်အနီးရှိ ရွာသစ်ကုန်းလမ်းဆုံးတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကျားဖြူစစ်ကြောင်း Fixed Wing Drone တပ်ဖွဲ့မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ကျားဖြူစစ်ကြောင်းမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်အနီးရှိ ရွာသစ်ကုန်းလမ်းဆုံး၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျားဖြူစစ်ကြောင်း Fixed wing Drone တပ်ဖွဲ့မှ ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုများရှိခဲ့ပြီး သေဆုံးသည့်အရေအတွက်အား ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းမှဆိုသည်။

အောင်ဇေယျစစ်ကြောင်းသည် စစ်ဆင်ရေးကာလကြာမြင့်လာသည်နှင့်အမျှ လူအင်အားလျော့နည်းလာခြင်းနှင့် နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အင်အားလျော့နည်းလာနေပြီး မကြာခင် အောင်ဇေယျကျဆုံးခန်းကို ပြည်သူများမြင်တွေ့ရမည်ဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းမှ အသိပေးသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် မြဝတီမြို့ကို ပြန်လည်သိမ်းယူရန် ဧပြီလ ဒုတိယအပတ်တွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကိုယ်တိုင်ဦးစီးကွပ်ကွဲကာ အောင်ဇေယျစစ်ဆင်ရေးကိုစတင်ခဲ့ပြီး အချိန် (၂)လကျော်ကြာမြင့်သည်အထိ ဒေါနတောင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသေးဘဲ ထိခိုက်ကျဆုံးမှု များပြားလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency