ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း တောင်ဒဂုံမြို့နယ်ရှိ ကြံ့ဖွံ့ရုံးကို လက်ပစ်ဗုံးဖြင့် ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်၊ မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းပြည့်သူကာကွယ်ရေးအင်အားစုအဖွဲ့ထံမှ သိရသည်။
တောင်ဒဂုံမြို့နယ်၊ (၂၅)ရပ်ကွက်၊ စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထောင့်ရှိ ကြံ့ဖွံ့ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ပျက်စီးမှုကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရ သည်။
၎င်းအဖွဲ့သည် တောင်ဒဂုံမြို့နယ်၊ (၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့်ပုလဲရတနာလမ်းထောင့် (၂၅)ဘောလုံးကွင်းထောင့်အနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ ကင်းတဲကိုလည်း ဖေဖော်ဝါရီလ(၁၂)ရက်က လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိခဲ့ကြောင်း သိရသည်။