ကနီမြို့နယ်အတွင်း အင်တိုင်းတောစံပြကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး စစ်သည်တော်များ တိုက်ပွဲဖြစ်ပွား

Photo: ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း - Golden Triangle Force
Photo: ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း - Golden Triangle Force
ကနီမြို့နယ်အတွင်း အင်တိုင်းတောစံပြကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး စစ်သည်တော်များ တိုက်ပွဲဖြစ်ပွား
သြဂုတ် 24, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊  ကနီမြို့နယ်အတွင်း မုံရွာ - ယာကြီး - ကလေးဝ လမ်း မိုင်တိုင်(၃၁)အနီး အင်တိုင်းတောစံပြကျေးရွာတွင် ရောက်ရှိနေသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲမှာ ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုအထိ များပြားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်သည်တော် (၃)ဦး လက်နက်ကြီးကျည် ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ယင်းအပြင် အင်းတော်ကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို ဗျတ္တညီနောင်၊ ဗိုလ်မင်းခေါင်၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း - Golden Triangle Force ၊ KLG၊ CGYDF၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ မြောက်ရင်းမာတပ်ရင်း၊ ဆားလင်းကြီး၊ကျောက်လုံးကြီး၊ ရိုးမဖိုက်တာ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၊  နဂါးညီနောင်၊ B 21 နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။