ကျောက်တော်နှင့် မြောက်ဦးမြို့တို့ရှိ ခမရ ၃၆၇၊ ၃၇၈ တပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော်သိမ်းပိုက်

ကျောက်တော်နှင့် မြောက်ဦးမြို့တို့ရှိ ခမရ ၃၆၇၊ ၃၇၈ တပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော်သိမ်းပိုက်
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ခမရ(၃၇၆)တပ်ရင်းနှင့် မြောက်ဦးမြို့ရှိ ခမရ(၃၇၈)တပ်ရင်းတို့အား ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ ခမရ (၃၇၆) တပ်ရင်းတစ်ရင်းလုံးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြောက်ဦးမြို့ရှိ စစ်ကောင်စီ စကခ (၉) လက်အောက်ခံ ခမရ (၃၇၈)တပ်ရင်းတစ်ခုလုံးကိုလည်း ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်များတွင်လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ)စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားသည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်သဖြင့် လက်နက်ကြီးကျည်များ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်တို့ သေဆုံးကာ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency