သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာနှင့် ဝဲတော်ရွာသင်္ချိုင်းကြားတွင် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် ကြားဖြတ်၍ ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်ညိုစစ်ကြောင်းနှင့် KNLA အမှတ် (၂၇) တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲသည့် သြဂုတ်လ (၂၃) ရက်နေ့ကလည်း ရေးမြို့နယ် အောင်သာယာရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency