UN Habitat က ဖျာပုံနှင့် ဘိုကလေးတွင် ဒီရေတောပင် တစ်သိန်းခွဲ စိုက်ပျိုး

UN Habitat က ဖျာပုံနှင့် ဘိုကလေးတွင် ဒီရေတောပင် တစ်သိန်းခွဲ စိုက်ပျိုး

ဧရာဝတီတိုင်း ဖျာပုံနှင့် ဘိုကလေးမြို့နယ်များတွင် ဒီရေတောပင် (လမုပင်) တစ်သိန်းခွဲဝန်းကျင်ကို စိုက်ပျိုးကြောင်း UN Habitat အဖွဲ့ထံမှ သိရသည်။

ဖျာပုံမြို့နယ်တွင် ဧကပေါင်း (၇၅) ဧက တွင် အပင်ပေါင်း ရှစ်သောင်းကျော်နှင့် ဘိုကလေး မြို့နယ်တွင် ဧကပေါင်း (၅၀)တွင် အပင်ပေါင်း ခြောက်သောင်းကျော်ကို ၂၀၂၄ ခုနှစ် မိုးရာသီအကုန်တွင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဒီရေတောများကို ကျေးရွာပိုင် သစ်တော (Community Forest) အတွင်း စိုက်ပျိုးရခြင်းဖြစ်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများကသာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒီရေတောများက သားငါး သယံဇာတ ဖွံ့ဖြိုးမှု၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ဖြစ်မှုနှင့် သဘာဝဘေးဒဏ် ကာကွယ်မှုကို လျော့ပါးသက်သာစေနိုင်ကြောင်း လေ့လာမှုများက ဆိုသည်။

လယ်ယာချဲ့ထွင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းများကဲ့သို့ စိန်ခေါ်ချက်များ ရှိနေသော်လည်း ရေရှည်ထိန်းသိမ်းရေးနှင့် သားငါးသစ်တော ရောနှောဆောင်ရွက်ခြင်းများကို ထိန်းသိမ်းရာတွင် ပါဝင်နေသည့် ဒေသခံများကိုလည်း စဉ်ဆက်မပြတ် သင်တန်းပေးခြင်း၊ နည်းပညာပေးခြင်း၊ ပြဿနာများ စုပေါင်းဖြေရှင်းများကို လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း UN Habitat အဖွဲ့က ဆိုသည်။

အဆိုပါ စိုက်ပျိုးမှုကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ကူညီခဲ့ပြီး ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုင်ရိုမြို့တွင် ကျင်းပခဲ့သည့် ဆယ့်နှစ် ကြိမ်မြောက် World Urban Forum (ကမ္ဘာ့ မြို့ပြဖိုရမ်) ၏ Call to Action (လုပ်စေချင်သည့် အကြောင်းအရာများ) တွင် ပါဝင်ဆွေးနွေးခဲ့သည့် အကြောင်းအရာကို UN-Habitat Myanmar က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

#TNA_LE

Photo: UN-Habitat Myanmar