ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် နေ့စဥ်ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးနေရ

ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် နေ့စဥ်ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးနေရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ KNUထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ်မှ ကျေးရွာများကို အာဏာသိမ်းစစ်ကောင်စီ၏ အမြောက်တပ်က နေ့စဉ် လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့ကစတင်ကာ ဇူလိုင်လ (၂)ရက်နေ့အထိ လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်းကြောင့် ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်နှင့် ငြိမ်းချမ်းမြိုင်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင်လ(၂)ရက်နေ့ကလည်း ပုလိန်မြို့ဟောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့သေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၈)ရက်နေ့ကစပြီး မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ်(၃၁၈)က လက်နက်ကြီးများဖြင့် ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနှင့် ငြိမ်းချမ်းမြိုင်ရွာများဘက်သို့ နေ့စဉ်ပစ်ခတ်နေရာ ကျေးရွာအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ စားဝတ်နေရေး ခက်ခဲမှုရှိနေသည့်အပြင် နေ့စဉ် မိုးဆက်တိုက် ရွာသွန်းနေမှုများကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အကူအညီများလည်း လိုအပ်လျှက်ရှိကြောင်း သိရ သည်။

#TachileikNewsAgency

Photo : CJ