သံတွဲမြို့ သူဌေးချောင်းဆည်အနီးရှိရွာများ အမြန်ဆုံးပြောင်းရန် AA အသိပေးလာ

သံတွဲမြို့ သူဌေးချောင်းဆည်အနီးရှိရွာများ အမြန်ဆုံးပြောင်းရန် AA အသိပေးလာ

ရခိုင်ပြည်နယ် သံတွဲမြို့ သူဌေးချောင်းဆည်သည် စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေပြီဖြစ်ခြင်းကြောင့် ဆည်အနီးရှိ ကျေးရွာများမှ ဒေသခံများပြောင်းရွှေ့ကြရန် အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

အဆိုပါအခြေအနေကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ အမြန်ဆုံးချက်ချင်း ရွှေ့ပြောင်းပေးကြရန် အရေးပေါ်ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့်ရက်များက မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များခြင်းကြောင့် စိုးရိမ်ရေမှတ်ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ပြီးဖြစ်ကာ ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။

ပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency