အပစ်ရပ်ရှမ်းမြောက်ရွာများကို စစ်ကောင်စီ ဒရုန်းဗုံးကြဲကာ လက်နက်ကြီးပစ်ခတ်

အပစ်ရပ်ရှမ်းမြောက်ရွာများကို စစ်ကောင်စီ ဒရုန်းဗုံးကြဲကာ လက်နက်ကြီးပစ်ခတ်

အပစ်ရပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နောင်ချိုမြိုနယ်နှင့် မိုးမိတ်မြို့တို့၌ ၂၀၂၄ခုနှစ် ဇွန်လ (၁၆)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး(၄)လုံးကြဲချကာ လက်နက်ကြီးနှင့် ပစ်ခတ်ကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဘန့်ဘွေကျေးရွာမှ ဆမ္မဆယ်ရွာသို ဒရုန်းဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ပြီးနောက် အုမ္မတီးနှင့် အုမ္မခါးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်သို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇွန်လ(၁၅)ရက်နေ့ ညပိုင်းကလည်း မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်သည် ဒိုပင်ကျေးရွာသို့ လက်နက်ကြီး (၆)ကြိမ်၊ နောင်ချိုမြိုနယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ် ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်တပ်က ကျေးရွာများအတွင်းသို့ ဒရုန်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ယမန်နေ့ ဇွန်လ (၁၆)ရက်နေ့အထိ မိုးမိတ်နှင့် နောင်ချိုမြိုနယ်တို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး(၄)လုံး၊ လက်နက်ကြီး (၄၂)ကြိမ် ထက်မနည်း အသုံးပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency