ထိုင်း - မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင် နှင့် ချင်းမိုင်အသွားလမ်းပေါ်ရှိ မယ်ကျန့်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသူ (၃)ဦး ထံက ဘိန်းစိမ်းများကို ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
မယ်ကျန့်စစ်ဆေးရေးဂိတ်တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ ညနေပိုင်းက မယ်ဆိုင်မှ တဆင့် ချင်းမိုင်သို့ သွားရန် မောင်းလာသည့် မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့မှ ရပ်တန့် စစ်ဆေးရှာဖွေရာက ယာဉ်ပေါ်တွင် လိုက်ပါသည့် မြန်မာနိုင်ငံသား (၈)ဦးအနက် အမျိုးသမီး(၃)ဦးထံက ဘိန်းစိမ်း စုစုပေါင်း (၁၄.၆၇၉) ကီလို ဂရမ်ကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၅၃)နှစ် ဝန်းကျင်ရှိ နန်းကြာ၊ အသက်(၄၁)နှစ်ဝန်းကျင်ရှိ နန်းဆိုင် နှင့် အသက်(၃၅)နှစ် ဝန်းကျင်ရှိ နန်းလောင်ခမ်းတို့အား ဖမ်းဆီးထားပြီး ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။